FANDOM


Large-icon

Photo Source: Coursera

Machine Learning သည်ကွန်ပျူတာသိပ္ပံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှိပြီးအချက်အလက်များကိုအခြေပြုကာ အနာဂတ်တွင်ဖြစ်နိုင်မည့်အခြေအနေများကို ကြိုတင်ခန့်မှန်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့လုပ်ဆောင်ရန်သင်ယူခြင်းဖြစ်သည်။

Artificial Intelligence(ခေါ်) လူလုပ်အသိဉာဏ်ကိုပြုလုပ်ရာတွင် Machine Learning(ML) သည်မဖြစ်မနေလေ့လာရမည့် နယ်ပယ်တစ်ခုဖြစ်သည်။ ယခုအခါ ML ကိုနည်းပညာကုမ္ပဏီကြီးများဖြစ်သော Google, Facebook, Apple တို့၏ Application များတွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိသည်။ Google သည် သန်းပေါင်းများစွာသော ရှာဖွေမှုများကို Algorithm အတွင်းထည့်သွင်းကာ မည်သူသည် မည်သည့်နေရာမှ မည်သည့်စာလုံးဖြင့်ရှာဖွေသည်ကို ဆန်းစစ်နိုင်ခဲ့ပြီး ပို၍ကောင်းမွန်သော Search Result များကိုကောင်းသည်ထက်ကောင်းအောင်လုပ်ဆောင်နိုင်ခဲ့သည်။ အလားတူပင် Facebook Search နှင့် Apple ၏ Siri တို့သည်လည်း Machine Learning ကိုပင်အသုံးပြုကာ customer များကိုမြင့်မားသောအကူအညီများပေးစွမ်းလျက်ရှိသည်။



ထို၌သာမက Artificial Intelligence Application များဖြစ်သော Natural Language Processing, Speech Recognition, Pattern Recognition, Data Mining များတွင်လဲပိုမိုကောင်းမွန်သောရလဒ်များရရှိစေရန် Machine Learning ကိုယှဉ်တွဲအသုံးပြုနိုင်ပါသည်။